ဘယ်မိန်းကလေးမဆို တမ်းတမ်းစွဲ ဖြစ်သွားစေနိုင်သည့် နည်းလမ်း (၈) ခု
သင့်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ချင်ပါသလား။ ဘယ်မိန်းကလေးတွေကမဆို ကြွေသွားစေနိုင် လောက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ စိတ်ထားမြင့်မြတ်တာကနေစပြီး ပျော်ရွှင်တတ်တာအထိ လိုက်နာ စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိန်းကလေးတိုင်း သင့်ကိုတမ်းတမ်းစွဲဖြစ်နေစေဖို့ အရေးကြီးတဲ့ အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ သူမနဲ့တစ်ခါလောက် သေချာချိန်းတွေ့ပြီး လျှောက်လည်ပါ။ ဒီလိုချိန်းတွေ့နေချိန်မှာ သူမကိုအမှန်တကယ် မြတ်နိုးချစ်ခင်ကြောင်း ပေါ်လွင်ပါစေ။ ပြီးရင် ရက်အနည်းငယ်ကြာအောင် သူမကို ရှောင်နေလိုက်ပါ။ သူမက သင့်ကို မျှော်နေပါစေ။
၂။ သင့်ရဲ့ဘဝက ပြီးပြည့်စုံနေတယ်ဆိုတာကို သူမ သိပါစေ။ သင်က ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဆိုတာကို သူမ သိဖို့ လိုအပ်ပါတယ်။ သင့်ဘဝဟာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်လေလေ၊ သူမအနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လာလေလေပဲဖြစ်ပါတယ်။
၃။ လျို့ဝှက်ဆန်ဆန်ဖြစ်ဖို့လည်း လိုပါတယ်။ သင့်နဲ့ပတ်သက်ပြီး အားလုံးကို သူမသိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သင့်မှာဖုံးကွယ်လျို့ဝှက်ထားတာတွေရှိတာနဲ့အမျှ သူမကပိုပြီး အာရုံစိုက်သိချင်နေမှာ ဖြစ်ပါတယ်။ သင့်ဘဝနဲ့ပတ်သက်လို့ မသိမသာလေးဆိုရုံပဲ ဖော်ထုတ်ပြသပြီး သူမရဲ့စိတ်ဝင်စားမှုကို ရယူထားခြင်းအားဖြင့် သင့်နဲ့အတူအချိန်ဖြုန်းဖို့ကို သူမစိတ်အားထက်သန်လာပါလိမ့်မယ်။
၄။ ပွဲတိုးတဲ့သူလည်း ဖြစ်ပါစေ။ အဝတ်အစား ဝတ်စားဆင်ယင်မှုနဲ့ ဖက်ရှင်ကို ဂရုစိုက်ဖို့ကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန် ဝတ်စားထားရမယ်ဆိုတိုင်းလည်း ဝတ်စုံပြည့်အကျအနချည်းပဲ ဝတ်နေဖို့မဟုတ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေနဲ့လည်း လန်းနေဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ကြည့်လိုက်တိုင်းမှာ လန်းတယ်လို့ မြင်သွားစေဖို့ပဲဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေအကြားမှာ ထင်ရှားပြီး လူချစ် လူခင်များ တာမျိုးကို ဆိုလိုတာပါ။ ဒီလို အမျိုးသမီးတွေရဲ့ ရင်းနှီးခင်မင်မှုကို ရရှိထားတတ်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သူမတို့ရဲ့သက်ဆိုင်သူအဖြစ် ရှိစေလိုတတ်ကြပါတယ်။
၆။ ရိုးရှင်းလွန်းလို့ မရပါဘူး။ သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းသူ တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ မိန်းကလေးတွေက စားသောက်ဆိုင်မှာ ချိန်းဆိုတွေ့ဆုံဖို့ မျှော်လင့်ထားတဲ့အချိန်မျိုးမှာ သူမ မမျှော်လင့်ထား တဲ့ ကိစ္စတစ်ခုခုကို အတူတူလုပ်ဆောင်သင့်ပါတယ်။ ဒီလို လုပ်ပေးတာမျိုးက သူမကို ပိုပြီး စိတ်လှုပ်ရှားစေမှာ ဖြစ်သလို သင့်ကိုငြင်းပယ်နိုင်စွမ်း ရှိတော့မှာမဟုတ်ပါဘူး။
၇။ လက်သွက်ဖို့လည်း လိုပါတယ်။ သင်သဘောကျတဲ့ မိန်းကလေးက သင့်အနားမှာနေရတာကို စိတ်သက်သာ နေပုံရရင် အထိအတွေ့တွေနဲ့ ဆွဲဆောင်တတ်ဖို့ဖြစ်ပါတယ်။ လက်မောင်းတွေကို အသာအယာလေးဆုပ်ကိုင် တာ၊ လမ်းလျှောက်တဲ့အချိန်မှာ လမ်းပြသလိုနဲ့ နောက်ကျောကနေ ထိန်းကိုင်ထားပေးတာမျိုးလေးတွေကို ဆိုလိုပါတယ်။ ထိတွေ့ရမယ်ဆိုပေမယ့် နူးညံ့ကြင်နာတဲ့ပုံစံမျိုးပဲဖြစ်သင့်ပါတယ်။
၈။ အိပ်ရာထဲမှာလည်း စွမ်းဆောင်ရည်ပြည့်ဝဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကာမအရသာ ပေးစွမ်းနိုင်တာလောက် ကောင်းတဲ့ဆွဲဆောင်မှုမျိုးမရှိပါဘူး။ အတူနေဖြစ်ကြတဲ့အချိန်မှာ မှန်မှန်ကန်ကန် လှုပ်ရှားတတ်မယ်ဆိုရင်တော့ သင်ကလွဲပြီး တခြားဘာကိုမှ မလိုချင်တော့လောက်အောင်ကို တမ်းတမ်းစွဲ ဖြစ်သွားမှာ သေချာပါတယ်။
Source : Gentleman Magazine